အင်ဒိုကြက်တောင်မယ်ကို ရှုံးကျွေးမဆပ်နိုင်ပဲ BNI Indonesia Master ပြိုင်ပွဲတွင် (၁၆) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ

0
300

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် BNI Indonesia Master ပြိုင်ပွဲတွင် အင်ဒိုကြက်တောင်မယ်ကို ရှုံးကျွေးမဆပ်နိုင်ပဲ (၁၆) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

သက်ထားသူဇာသည် (၁၆) ဦးအဆင့်၌ ကမ္ဘာ့အဆင့် (၁၁၃) ရှိ အင်ဒိုကြက်တောင်မယ် Stephanie Widjaja နှင့် ယနေ့ယှဉ်ပြိုင်ကစားရာ ၂၁ မှတ် ၉ မှတ်၊ ၂၁ မှတ် ၁၅ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က သတ်မှတ်ထားသော အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၀) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here