မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း အစစ်ဆေးများတင်းကြပ်‌နေ

0
210

လက်ရှိတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အစစ်ဆေးများနေကြောင်း မြဝတီနယ်စပ်ကုန်သည်များ၏ ပြောပြချ က်အရ သိရသည်။

တရားမဝင်နယ်စပ် ကုန်သွယ်ရေးသည် နိုင်ငံ့ဝင်ငွေကို ထိခိုက်သဖြင့် အထူးအဖွဲ့များက ပို့ကုန်သွင်းကုန်အပေါ် ကြပ်မတ်ရန် နစကမှ ပြောဆိုခဲ့ပြီးနောက်ပိုင်း မြဝတီနယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းတလျှောက်ရှိ ဂိတ်များတွင် ဌာနစုံပါသည့်အဖွဲ့များမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ဆော င်ရွက်မှုကြောင့် ၂၀၂၂ ဇူလိုင်တွင် အမှုတွဲ ၃၆၉ တွဲမှ တန်ဖိုးကျပ် ၆၁၀ ဒသမ ၃၈၈ သန်းနှင့် ဩဂုတ်၌ အမှုတွဲ ၄၈၀ မှ တန်ဖိုး ကျပ် ၇,၀၀၂ ဒသမ ၆၁၃ သန်း ရရှိခဲ့ပြီး ယခု ၂၀၂၃ ဇူလိုင်တွင် အမှုတွဲ ၆၁၁ မှ တန်ဖိုး ကျပ် ၁၀,၄၄၅ ဒသမ ၇၄၂ သန်းနှင့် ဩဂုတ်၌ အမှုတွဲ ၅၄၀ မှ တန်ဖိုး ကျပ် ၁၂,၄၃၄ ဒသမ ၂၄၄ သန်း ပို၍ ဖမ်းဆီးရမိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

” အခုက တော်တော်လေးကို စစ်တယ်။ လမ်းတောက်လျှော က်အစစ်ဆေးတွေများတော့ ကုန်ပစ္စည်းရောက်တဲ့အချိန်ကလည်း ကြန့်ကြာမှုတွေရှိလာတယ်။  လိုင်စင်ထုတ်ပေးတာလည်း ကြန့်ကြာတယ်။ ပြီးတော့ မူဝါဒတွေခဏခဏပြောင်းနေ​တော့ကျွန်​တော်တို့မှာလည်းအခက်ခဲ​တွေရှိပါတယ်”ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ ဧပြီလမှ အောက်တိုဘာ (၁၃)ရက်ထိဒေါ်လာ ၁၇,၀၆၄ ဒသမ ၆၆၁ သန်း ရှိခဲ့ပြီး ယခင်နှစ်  ကာလတူတွင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈,၁၅၉ ဒသမ ၅၈၂ သန်း ရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁,၀၉၄ ဒသမ ၉၂ ၁ သန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း တရားမဝင် ကုန်သွယ်မှုပြုလုပ်နေသည်ဟုဆိုကာ နယ်စပ်ကုန်သည်အ ချို့ကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here