AFC Cup တွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည့် ရှမ်းယူနိုက်တက်

0
168

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရသည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဖီလစ်ပိုင်ကလပ် ဒိုင်းနမစ်ဟတ်ဆီဘူးအသင်းက  ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စုပွဲစဉ် ပထမအကျော့အဖြစ် ၃ ပွဲကစားအပြီးတွင် ရမှတ်နှင့် ရဂိုး မရှိသေးပဲ AFC Cup ကစားတိုင်း ရလဒ်ဆိုးကို ဆက်လက်ခံစားနေရသည်။

မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင် ဖိလစ်ပိုင်ကလပ် Dynamic Herb Cebu FC၊ ဩစတြေးလျကလပ် Macarthur FC၊ ကမ္ဘောဒီးယားကလပ် Phnom Penh Crown FCတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီးအိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Photo – AFC Cup


LEAVE A REPLY

Please enter your comment!
Please enter your name here