အမြန်လမ်းတလျောက် ခရီးသည်တင်ယာဥ်များအန္တရာယ်ကင်းရေးအတွက် သွားလာမှုထိန်းချုပ်သည့်စနစ် သုံးမည်

0
166

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်ယာဉ်များအန္တရာယ်ကင်းရေးအတွက် ယာဥ်သွားလာမှုကိုထိန်းချုပ်သည့်စနစ်ကိုအသုံးပြုတော့မည်ဖြစ်ရာ ထို Telematics စနစ်အတွက် ပြည်တွင်းကုမ္ပဏီများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူထားသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတလျောက် ခရီးသည်တင်မော်တော်ယာဉ်များ အား Command Center မှထိမ်းချုပ်နိုင်ရန်ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

တင်ဒါလျှောက်ထားမည့် ကုမ္မဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ကုမ္ပဏီ Profile၊ အသုံးပြုမည့် Telematics စနစ်၏ နိုင်ငံတကာဝန်ဆောင်မှုအတွေ့အကြုံ အနည်းဆုံး ၅ နှစ်နှင့်အထက်၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်၊ မြန်မာနိုင်ငံတွင် စမ်းသပ်ထားသော နမူနာမှတ်တမ်းများ၊ အသုံးပြုမည့်ပစ္စည်းနမူနာ၊ စနစ်၏ လုပ်ဆောင်မှု အသေးစိတ် (မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့်)၊ အလုံးစုံပါဝင်သည့် ဝန်ဆော င်မှုအဆိုပြုပုံစံ၊ ကုမ္ပဏီမှ တပ်ဆင်သုံးစွဲမည့် ကိရိယာများ၏ ထုတ်လုပ်သည့် မူရင်းနိုင်ငံ၊ ဈေးနှုန်းအဆိုပြုလွှာ (မြန်မာကျပ်ငွေဖြင့်) စသည့်အချက်များကို ပူးတွဲပေးပို့ရမည်ဖြစ်သည်။

တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်၊ စီလမ်းဆုံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here