ရွှေပေါက္ကံစက်မှုဇုန် ကနောင်(၇)လမ်းတွင် မီးလောင်မှုဖြစ်ပွား

0
181

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံစက်မှုဇုန်၊ကနောင်(၇)လမ်းတွင် အောက်တိုဘာ ၂၇ ရက်(ယနေ့)နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံစက်မှုဇုန်၊ကနောင်(၇) လမ်းရှိ အဆောက်အအုံတစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီ ၄၂ မိနစ် ၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here