ကြည့်မြင်တိုင်မြို့နယ်တွင် YBS (၂) စီးနှင့် ကွန်တိန်နာ (၁) စီး တိုက်မိကာ (၃) ဦးဒဏ်ရာရ

0
270

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ စာတိုက်မှတ်တိုင်အနီးတွင် ယနေ့အောက်တိုဘာ ၂၇ ရက်နံနက် (၇) နာရီခွဲခန့်က YBS ယာဉ်(၂) စီးနှင့် ကွန်တိန်နာ (၁) စီးတို့ တိုက်မိခဲ့ကြောင်း ရောင်စဥ်မဲ့လူမှုကူညီရေး အသင်းမှ သိရသည်။

“ဖြစ်စဥ်အတိအကျကိုတော့ ကျွန်တော်တို့ မမေးဖြစ်လိုက်ဘူး။ လူနာ (၃) ယောက်ရှိနေတာရယ်၊အဲဒီ (၃) ယောက်ထဲမှာ (၁) ယောက်က စိုးရိမ်ရတဲ့အတွက် ဆေးရုံပို့ဖို့ကို အဓိကအာရုံစိုက်‌နေရတာကြောင့်ပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စိုးရိမ်ရဒဏ်ရာရရှိသူ (၁) ဦးအပါအဝင် (၃) ဦးအား ရောင်စဥ်မဲ့လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရောင်စဥ်မဲ့အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here