လားရှိုးမြို့ အသံများ

0
4627

မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းမကြီး တစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်း ၂ခုအား ယနေ့နံနက် ၆နာရီမှစ၍ အရေးပေါ်ပိတ်လိုက်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်မှ သွားလာခွင့် မပြုကြောင်း သိရသည်။

လားရှိုးမြို့ထဲတွင်လည်းစျေးများမဖွင့်ရဲတော့ဘဲ ဆိုင်များပိတ်နေကြပြီဖြစ်သည်။

မြို့ခံအချို့အားဆက်သွယ်၍ရသလောက်အသံများဖော်ပြလိုက်ပါသည်။

“လောလောဆယ် တမြို့လုံး ကြောက်နေကြပါတယ်၊
လေယာဥ်ကွင်းလမ်းပေါ်က အထက၅ ကျောင်းဝင်းထဲကို လက်နက်ကြီး၂လုံးကျတယ်၊
မကွဲဘူးလို့သိရတယ်၊တော်သေးတာ ကျောင်းပိတ်ထားလို့”

“ဘူတာလမ်းကစပြီး လေယာဥ်ကွင်းလမ်းတလျောက် လားရိူးကြီး ကနေ Asia World တိုးဂိတ်ထိ ပိတ်လိုက်ပြီ”

တပ်နဲ့အပြန်အလှန်ဆော်နေကြပါပြီ၊ဘူတာနားက ၆၂၆ တပ်နဲ့
ဟိုပိတ်တိုးဂိတ်၊ တာပုံအထွက်နားကတပ် ၆၈ကို ဒရုန်းနဲ့ချတယ်ကြားတယ်”

“အမှတ်နှစ်ရဲစခန်းကိုလဲဒရုန်းနဲ့ပစ်အများကြီး‌ေ-သတယ်၊အပြင်မထွက်ရဲကြဘူး”

“သီတင်းကျွတ်ပိတ်ရက်မို့မနက်ဖြန် ရန်ကုန်လာကြမယ့်အစီအစဥ်လဲ ထွက်ရ မထွက်ရ ချိန်နေရပြီ”

“မြို့ထဲတော့လူပါးပြီးခြောက်ကပ်နေတယ်၊ရပ်ကွက် ၅၊ တရုတ်ဘုံကျောင်းဖက်၊ ၅၀၇ ဖက်ကနေ ပစ်သံတွေကြားနေရတယ်”

လားရှိုးမြို့လည်း သတိနဲ့ နေနေကြရပြီဖြစ်သည်။

လားရှိုးစျေးကြီးပုံ credit


LEAVE A REPLY

Please enter your comment!
Please enter your name here