ကျောက်မဲမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေ၍ စစ်ဘေးရှောင်ပြည်သူ (၁၅၆) ဦး နောင်ပိန်သို့တိမ်းရှောင်ရောက်ရှိလာ

0
332

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း၌ နစက၏ လုံခြုံရေးအဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များကြားတွင် အောက်တိုဘာ (၂၅) ရက် ညနေပိုင်းမှ စတင်ကာ တိုက်ပွဲများဖြစ်ပေါ်လျက်ရှိသဖြင့် စစ်ဘေးရှောင်ပြည်သူ (၁၅၆) ဦးသည် တိုက်ပွဲနှင့် လွတ်ကင်းသည့် နောင်ပိန်ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ရှိ ပန်မလွတ်ကျေးရွာ၊ခဲလုံကျေးရွာ၊နောင်ပစ်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် အဆိုပါကျေးရွာများ၌ နေထိုင်သည့် လူဦးရေ (၁၅၆)ဦးမှာ တိုက်ပွဲနှင့်လွတ်ကင်းသောနေရာသို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

“လက်ရှိရောက်နေတဲ့ စစ်ဘေးရှောင် (၁၅၆)ယောက်ရှိတယ်။ နောင်ပိန်က အောင်ဓမ္မာရုံမှာ နေရာချထားပေးတယ်။ စစ်ဘေးရှောင်တွေ စားသောက်ဖို့ကို အလှူရှင်တွေက လှူဒါန်းပေးနေကြပါတယ်”ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

နောင်ပိန်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များအပြင် တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများအတွင်း၌လည်း ဒေသခံများရှိနေသေးသဖြင့် ၎င်းတို့အား တိုက်ပွဲလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးရန် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းနှင့်အခြား လူမှုကူညီရေးအသင်းများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အချို့ဒေသခံများမှာ ကျေးရွာများမှ ထွက်ခွာကာ နီးစပ်ရာ တောတောင်များအတွင်း၌ ပုန်းခိုနေထိုင်နေကြသူများလည်းရှိနေသဖြင့် ကူညီမှုများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here