သာကေတ အနော်မာ(၁၅)လမ်းရှိ တိုက်ခန်းတစ်ခန်းတွင်မီးလောင်မှုဖြစ်

0
282

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊(၁)အနော်မာရပ်ကွက်၊အနော်မာ(၁၅)လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အောက်တိုဘာ ၂၇ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီ ၄ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား သာကေတမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၁၁ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here