နမ့်ဖတ်ကာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေ-းငယ် (၁)ဦးအပါအဝင် အရပ်သား(၂)ဦး‌ေ-သဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရ

0
212

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ နေအိမ်တစ်အိမ်ရှေ့သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ မိန်းကလေးငယ် (၁)ဦး အပါအဝင် အရပ်သား(၂)ဦး‌ေ-သဆုံးပြီး မိသားစုဝင် (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)ထံမှ သိရသည်။

အောက်တိုဘာ (၂၇)ရက် နံနက် (၇)နာရီခွဲဝန်းကျင်အချိန်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၄)ရှိ နေအိမ်တစ်အိမ်ရှေ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး (၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် (၃၃)နှစ်အရွယ် အမျိုးသမီး (၁)ဦး ‌ေ-သဆုံးခဲ့ရပြီး (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် (၇)နှစ်အရွယ် မိန်းကလေးငယ်မှာ အခင်းဖြစ်ရာ နေရာ၌ ‌ေ-သဆုံးခဲ့ပြီး အသက် (၃၃) နှစ်အရွယ် အမျိုးသမီးမှာ ဆေးရုံအရောက်တွင် ‌ေ-ဆုံးခဲ့ကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)မှ သိရသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင် အသက် (၆) နှစ် အမျိုးသားငယ်မှာ ဝမ်းဗိုက်ထိ၊ အသက် (၁၆) နှစ် အမျိုးသားမှာ လက်ထိနှင့် ကျောထိ၊ အသက် (၃၃) နှစ် အမျိုးသမီးမှာ ခြေထောက်ထိ၊ အသက် (၄၈) နှစ် အမျိုးသမီးမှာ ရင်ဘက်ထိ၊ အသက် (၄၈) နှစ် အမျိုးသားမှာ ပုခုံးတို့တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“နေအိမ်အတွင်း နေထိုင်ကြတဲ့ မိသားစုဝင်တွေ (၅) ဦး ဒဏ်ရာရရှိသွားကြပြီး အသက် (၇) နှစ် အရွယ် အမျိုးသမီး (၁) ဦးမှာ အခင်းဖြစ်နေရာတွင်ပင် ‌ေ-သဆုံးပြီး အသက် (၃၃) နှ စ်အရွယ် အမျိုးသမီးက ဆေးရုံအရောက် ‌ေ-သဆုံးသွားခဲ့တယ်”ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို လုကာလူမှုကူညီရေးအသင်း (အသင်းတော်)နှင့်အတူ အခင်းဖြစ်ပွားရာ နေရာမှ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှ တဆင့် ကွတ်ခိုင်ခရိုင်ပြည့်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo – မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)


LEAVE A REPLY

Please enter your comment!
Please enter your name here