ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားကာ စရဖရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံး မီးရှို့ဖျက်ဆီးခံရ ၊

0
311

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက် (၅) နာရီခန့်မှ စတင်ကာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စရဖရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ကော့ကရိတ်မြို့ရှိ လုံခြုံရေးအဖွဲ့ဝင်များရှိသည့် နေရာများအား လက်နက်ကိုင်အဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ နေရာအနှံ့အပြားတွင် ပစ်ခတ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“နေရာအနှံ့မှာ ပစ်ခတ်သံတွေချည်းပဲ။ အိမ်ထဲကနေမထွက်ရဲဘူး။ အိမ်ထဲက လုံခြုံမယ့်နေရာမှာ ပုန်းနေရတယ်။ ကောကရိတ်က ဆင်ကုန်း၊ ရေလယ်မြိုင်၊ ရုံးကြီးနဲ့ တံတားဦးဘက်တွေမှာ ပိုပြီးပစ်ခတ်တာများတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာများအနီးတွင် နေထိုင်သူများမှာ တိုက်ပွဲနှင့် လွတ်ကင်းသည့် တောင်ပေါ်ကျောင်းသို့ စစ်ဘေးရှောင်များအဖြစ် ရွှေ့ပြောင်းနေထိုင်နေရလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here