စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် စျေးရောင်းပွဲတော်ဖွင့်ပွဲ ယနေ့ပြုလုပ်

0
260

စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် စျေးရောင်းပွဲတော်ဖွင့်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သီတင်းကျွတ်စျေးရောင်းပွဲတော်ကြီးတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် (၂၉) ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းများ၊ MSMEလုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များနှင့် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ဆိုင်ခန်းပေါင်း (၅၀၀) ခန့်ဖြင့် ပြသလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယင်းစျေးရောင်းပွဲတော်ကို အောက်တိုဘာ (၂၇) ရက်မှ (၃၀) ရက်အထိ (၄)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။

ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆက်ကပ်၊ မျက်လှည့်၊ DJ၊ Dancer များပါဝင်ပြီး ပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့တို့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ဆင်နွှဲနိုင်ကြောင်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here