ရုရှားနိုင်ငံသားများကို မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ အပြိုင်ဆွဲဆောင်နေ

0
276

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ရုရှားနိုင်ငံသားများကို အပြိုင်ဆွဲဆောင်မှုများရှိနေကြောင်းမြန်မာနိုင်ငံရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“ရုရှားနိုင်ငံကခရီးသွားတွေက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့မှာ challenge တစ်ခုရှိတာက အိမ်နီးချင်းနိုင်ငံတွေကလည်း ရုရှားနိုင်ငံသားတွေကို အပြိုင်အဆိုင် ဆွဲဆောင်နေတယ်။ ဥပမာ ထိုင်းနိုင်ငံဆိုရင် ရုရှားနိုင်ငံသားတွေကို အများကြီး ဆွဲဆောင်ပြီး သူတို့လုပ်ပေးနေတဲ့အတွက် ထိုင်းနိုင်ငံရော ဘန်ကောက်တို့ရော ဖူးခက်တို့ရော တိုက်ရိုက်လေကြောင်းပျံသန်းမှုရှိနေသေးတယ်။ ကျွန်တော်တို့ဆီမှာ အခုလောလောဆယ်က မန္တလေးမြို့လောက်အထိပဲ တိုက်ရိုက်ပျံသန်းဖို့ပဲရှိသေးတယ်ဆိုတော့ အခြားသော ဒီ ငပလီတို့ ငွေဆောင်တို့နဲ့အနီးဆုံးလို ပုသိမ်တို့လို ကမ်းခြေဒေသကို တိုက်ရိုက်ပျံသန်းနိုင်မယ်ဆိုရင် ရုရှားနိုင်ငံက ခရီးသွားတွေ ဒီထက်ပိုလာပြီးတော့ လာမည့်ပွင့်လင်း ရာသီမှာမှ ရုရှားဈေးကွက်ကို များများရှိနိုင်မယ်လို့ ကျွန်တော်တို့မျှော်မှန်းလို့ရပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရုရှား-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်း စတင်ပျံသန်းပြေးဆွဲပေးနေပြီး ရုရှားခရီးသွားတွေအတွက် မြန်မာနိုင်ငံဘက်မှ ဗီဇာဖြေလျှော့ပေးထားကြောင်း သိရသည်။

ယူကရိန်းစစ်​ကြောင့် ဥ​ရောပသို့ မသွားကြသည့်ရုရှားနိုင်ငံသားခရီးသွားများသည် ခရီးသွား​နေရာသစ်များကို စိတ်ဝင်စားလျှက်ရှိနေသည်။အထူးသဖြင့် ဖူးခက်ကမ်း​ခြေကိုနှစ်သက်​နေကြသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ကိုဗစ်ကပ်ရောဂါ မတိုင်ခင် တနှစ်လျှင် သုံးသန်းကျော် လေးသန်းထိ ဝင်ရောက်ခဲ့သော်လည်း ကိုဗစ်အလွန်တွင် ပြည်ပခရီးသွား အရေအတွက် သိန်းဂဏန်းမျှသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here