မြန်မာဆန်များအပြည့်သယ်ဆောင်လာသည့် ကွန်တိန်နာကားများ ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ခဲ့ဟု တရုတ်သံရုံးထုတ်ပြန်

0
300

မူလလမ်း​ကြောင်းထက်ရက်ပေါင်း ၂၀ ခန့် ပိုမြန်ဆန်သွားဟုဆို

မြန်မာ့ဆန်များအပြည့်သယ်ဆောင်လာသော ” မြန်မာ-တယ်ဟုန်-ချုံချင့် နိုင်ငံဖြတ်ကျော် ကုန်းကြောင်း- ရထားလမ်း ပူးတွဲပို့ဆောင်ရေးသီးသန့်ရထားတွဲ” ကွန်တိန်နာကုန်တင်ကားပေါင်း ၁၀ စီးကျော်သည် တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှပြည်ဝင်ခဲ့ကြောင်း တရုတ်သံရုံးမှထုတ်ပြန်ထားသည်။

အဆိုပါ ကွန်တိန်နာကားများသည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှပြည်ဝင်ခဲ့ပြီး တရုတ်-မြန်မာခေတ်မီ စိုက်ပျိုးစီးပွာရေးလုပ်ငန်းဥယျာဉ်၌ အချောကိုင်ပြီးနောက် ပေါင်စန်းမြောက်ဘက်ဘူတာသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုမှတစ်ဆင့် ရထားလမ်းဖြင့် ချုံချင့်မြို့ ရှောင်ထွမ်ကျယ်ရွာဘူတာသို့ ပို့ဆောင်မည်ဖြစ်သဖြင့် သမားရိုးကျ မြစ်ချောင်းနှင့် ပင်လယ်သမုဒ္ဒရာပူးတွဲပို့ဆောင်ရေးထက် အချိန်ရက်ပေါင်း ၂၀ ခန့် မြန်ဆန်သွားပြီး အရင်းအနှီးကိုလည်း အများအပြားချွေတာနိုင်ကြောင်း သိရသည်။

“မြန်မာ-တယ်ဟုန်-ချုံချင့် နိုင်ငံဖြတ်ကျော် ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးသီးသန့်ရထားတွဲ” အားစတင်ပြေးဆွဲခြင်းသည် တရုတ်-မြန်မာပို့ကုန်သွင်းကုန် ကုန်ပစ္စည်းများကို ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးဖြင့် နှစ်ဖက်ကုန်အ​မြောက်အများပို့ဆောင်ခြင်းကို အမှန်တကယ် အနက်အဓိပ္ပာယ်အရ ဖော်ဆောင်လိုက်ခြင်းပင်ဖြစ်ကြောင်း သိရသည်။

အဆိုပါသီးသန့်ရထားတွဲကို ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ပြီး တရုတ်ကုန်ပစ္စည်းများ တယ်ဟုန်မှတစ်ဆင့် အရှေ့တောင်အာရှ၊ တောင်အာရှ စသည့် ပြည်ပဈေးကွက်များသို့ တင်ပို့ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှနှင့် တောင်အာရှမှ ကုန်ပစ္စည်းများလည်း ပိုမိုများပြားစွာနှင့် ပိုမိုမြန်ဆန်စွာ ချုံချင့်မြို့မှတစ်ဆင့် တရုတ်ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here