ကယားပြည်နယ်၌ ကုမ္ပဏီ ၂ ခုကို အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့်ဆီနေကြာစိုက်ပျိုးထုတ်လုပ်ရောင်းချရန်ခွင့်ပြုပေးခဲ့

0
270

ကယားပြည်နယ်၌ ကုမ္ပဏီ ၂ ခုကို အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့်ဆီနေကြာစိုက်ပျိုးထုတ်လုပ်ရောင်းချရန် ကယားပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးခဲ့သည်။

အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၃)တွင် အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့်ဆီနေကြာစိုက်ပျိုးထုတ်လုပ်ရောင်းချမည့် Treasure Corn Agri Company Limited နှင့် Treasure Corn Company Limited တို့အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုပ်ကိုင်ခွင့်ပြုသည့် အတည်ပြုအမိန့်အား အစည်းအဝေးတက်ရောက်ခဲ့သော ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ကုမ္ပဏီတာဝန်ရှိသူများအားပေးအပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်ရာ၌ စိုက်ပျိုးရေးကဏ္ဍ၊မွေးမြူရေးကဏ္ဍနှင့် MSMEs လုပ်ငန်းများတွင် အဓိကအားဖြင့် ပိုမိုရင်းနှီးမြှုပ်နှံအောင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် ခေတ်မှီမွေးမြူရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန်ဦးစားပေးဖိတ်ခေါ်ရမည်ဖြစ်ကာ ဒေသထွက်ကုန်များနှင့်ပတ်သက်၍ အဆင့်မီမီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးကိုကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here