မိုးကုတ် ၊ မတ္တရာ အပါအဝင်(၄) မြို့နယ်သာချန်၍ မန္တလေး တိုင်းအတွင်း ကျန်မြို့နယ်များ၌ ညမထွက်ရအမိန့် ရုတ်သိ မ်း

0
284

မိုးကုတ် ၊ မတ္တရာ ၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့မှ အ ပ မန္တလေးတိုင်းအတွင်းရှိ ကျန်မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ညမထွက်ရအမိန့် ရုတ်သိမ်းကြောင်း အမိန့်ကိုယနေ့ အောက်တိုဘာ (၂၇)ရက် ရက်စွဲဖြင့် သက်ဆိုင်ရာမြို့နယ် အု ပ်ချုပ်ရေးမှူးများက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

ယင်းအမိန့်ကြေညာချက်အရ ယခင်သတ်မှတ်ထားသည့် လူ (၅) ဦးနှင့် (၅) ဦးအထက် မစုဝေးရန်၊ စီတန်းလှည့်လည်ခြ င်း၊ လမ်းလျှောက်ခြင်း၊ စုဝေးခြင်း မပြုလုပ်ရန်နှင့် ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ညမထွက်ရ သတ်မှတ်ထားခြင်းတို့ကို ရုတ်သိမ်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရုတ်သိမ်းရခြင်းမှာ မန္တလေးတိုင်းအတွင်းရှိ မြို့ န ယ်အများစုတွင် အများပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်မှုများ မရှိတော့သည့်အတွက် ညမထွက်ရအမိန့်အား အောက်တို ဘာ (၂၇) ရက်မှ စတင်ကာ ပြန်လည်ရုတ်သိမ်းလိုက်ခြင်းဖြ စ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း ယ ခင် နံနက် (၁၂) နာရီမှ (၄) နာရီအထိ သတ်မှတ်ထားသည့် ညမထွက်ရအမိန့်ကို ယနေ့ အောက်တိုဘာ (၂၇) ရက်မှစ တင်ကာ နံနက် (၁) နာရီမှ (၃) နာရီသို့ ဖြေလျှော့ သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here