အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)အား နိုဝင်ဘာ ၂၃ ရက်၌သာပြန်လည်ဖွင့်လှစ်မည်

0
224

အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အား နို ဝင်ဘာ ၂၃ ရက်၌သာပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတ က္ကသိုလ်(ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ်မှစတုတ္ထနှစ်အထိ ဘွဲ့ကြိုတန်းများနှင့်မဟာဝိဇ္ဇာတန်းများအား နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်သင်ကြားသွားမည်ဟု အသိပေးထုတ်ပြန်ထားခဲ့သည်။

ထိုသို့ အသိပေးထုတ်ပြန်ခဲ့သော်လည်း အခြားတက္ကသိုလ်များနှင့်တစ်ပြေးညီဖြစ်စေရန်အတွက် နိုဝင်ဘာ ၂၃ ရက်မှစတင်၍သာ ပြန်လည်ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here