နေပြည်တော် လက်လုပ်တောင်တောရရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်ည၌ဆီမီး(၁၀၀၀)ထွန်းညှိပူဇော်မည်

0
287

နေပြည်တော်၊လက်လုပ်တောင်တောရရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်ည)ည ၆ နာရီမှစတင်၍ ဆီမီး(၁၀၀၀)ထွန်းညှိပူဇော်သွားမည်ဖြစ် သည်။

ဆီမီး(၁၀၀၀)ထွန်းညှိပူဇော်ခြင်းနှင့်အတူ မဟာသမယသုတ်၊ပရိတ်၊ပဋ္ဌာန်းတရားတော်များရွတ် ဖတ်သရဇ္ဈာယ်ခြင်းများဖြင့်လည်း ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်လုပ်တောင်တောရ၊ခေါင်နန်းဓမ္မာရုံတွင် ဆရာတော်၊သံဃာတော်အပါး ၃၀ ၏ ပဝါရ ဏာပြုကုသိုလ်ပွဲကိုလည်း အောက်တိုဘာ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့)မွန်းတည့် ၁၂ နာ ရီမှစတင်၍ ကျင်းပသွားမည်ဖြစ်သည်။

ပဝါရဏာပြုကုသိုလ်ပွဲတွင် လက်လုပ်တောင်တောရဆရာတော်ဦးခေမာစာရဦးစီး၍ ဆရာ တော်၊သံဃာတော် အပါး ၃၀ ပဝါရဏာပြုကြမည်ဖြစ်ကာ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများလည်းပြုလုပ်သွားမည်ဖြစ်သည်။

ပဝါရဏာပြုကုသိုလ်ပွဲ၌ နေ့လယ် ၁ နာရီတွင် ပဝါ ရဏာပြုမည့် ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူ၍ လက်လုပ်တောင်တောရဆရာတော်မှ အနုမောဒနာတရား ဟောကြားကာ အမျှပေးဝေသွားမည်ဖြစ်သည်။

စတုဒိသာကျွေးမွေးလှူဒါန်းရာ၌ မွန်းတည့် ၁၂ နာ ရီတွင် လက်လုပ်တောင်တောရဆရာတော်နှင့်တပည့်သာဝကများမှ ဟင်္သာတမုန့်ဟင်းခါး၊ နေ့ လယ် ၃ နာရီမှညနေ ၅ နာရီအထိအား “ဆုလာဘ်ပိုင”ကုမ္ပဏီမိသားစု၊ Linn IT & Mobile mart (Naypyitaw) မိသားစု၊ “ရှင်းသန့်သစ္စာ” ကုမ္ပ ဏီမိသားစု၊ မမာလာ၊ မအေးဖြူ၊ မရွှန်း၊ မဇာ၊ မဝေဖြာ၊ မမီ မိသားစုတို့မှ ကြာဇံဟင်းခါး၊မုန့်လက်ဆောင်း၊ကောက်ညှင်းပေါင်း၊အကြော်စုံ၊ကော်ဖီနှင့်မြန်မာမုန့်မျိုးစုံတို့ကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here