ပြည်ပလွှဲပို့ငွေကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်

0
308

တရားဝင်ဘဏ်လမ်းကြောင်းမှတစ်ဆင့် ငွေလွှဲပို့သူများကိုကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကြေညာချက်တွင် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင် အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက်လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသောလျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှစတင်ရေတွက်သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်တွင်လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအားအထောက်အကူပြုရန်ရည်ရွယ်၍မြန်မာနိုင်ငံသို့ဘဏ်လမ်းကြောင်းမှတဆင့်ပြန်လည်လွှဲပို့ခြင်းအပေါ်အထူးအစီအစဉ်တစ်ရပ်အနေဖြင့်လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်သည်ဟုဆိုသည်။

ယခင်ကြေညာချက်အရ ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် ပြည်တွင်းသို့ လွှဲပို့ငွေကန်ဒေါ်လာနှစ်သိန်းသည် မဖြစ်နိုင်သည့်ငွေပမာဏဖြစ်နေကြောင်း ပြည်ပရောက်မြန်မာလုပ်သားများမှ ဝေဖန်မှုများရှိခဲ့ခြင်းလည်းဖြစ်သည်။

ဘဏ်မှတဆင့် ငွေလွှဲသည့်ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအားအထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ် ခွင့်ပြုပေးထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here