ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို အစ္စရေးက ပယ်ချ

0
368

ကုလသမဂ္ဂအထွေထွညီလာခံက ဆုံးဖြတ်ချက်ချလိုက်သော ဂါဇာတွင်အပစ်အခတ်ရပ်စဲရန် အစ္စရေးကို တောင်းဆိုချက်ကို အစ္စရေးက ပယ်ချလိုက်သည်။

ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ကုလသမဂ္ဂ အထွေထွေညီလာခံကိုလည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ကို အပြီးသတ် သုတ်သင်ရန် အစ္စရေးက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သည်။

“ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ တောင်းဆိုမှုကို ကျွန်တော်တို့ လုံးလုံးလျားလျား ငြင်းပယ်ပါတယ်။ နာဇီနဲ့ ISIS တွေကို ကမ္ဘာက ဆက်ဆံခဲ့သလိုပဲ အစ္စရေးကလဲ ပါလက်စတိုင်း ဟားမတ်စ်တွေကို အဆုံးအထိ ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here