၁၇ ဆက်​မြောက် မလေးရှား ဘုရင်သည် အဋ္ဌမ​မြောက်ဘုရင့်သား​တော်ဖြစ်

0
309

မလေးရှား၏ ၁၇ ဆက်မြောက်ဘုရင်ဖြစ်လာမည့် ဆူလတန် အီဘရာဟင် အီစကန်ဒါသည် မ​လေးတောင်ပိုင်းဂျိုဟိုပြည်နယ်မှ ဖြစ်သည်။

သောကြာနေ့တွင် ကျင်းပခဲ့သောအုပ်ချုပ်သူများ ညီလာခံ၌ နိုင်ငံတော်၏ဆူလတန်​စော်ဘွား ကိုးပါးက  ဆူလတန် အီဘရာဟင် အား ဘုရင်အဖြစ်ရွေးချယ်ခဲ့ပြီး လာမည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် နန်းတက်ရမည်ဖြစ်သည်။

အသက် ၆၄ နှစ်အရွယ်ဘုရင်သစ် တွင်သားသမီးခြောက်ယောက်ရှိသည်။ သူသည် ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ကို မောင်းနှင်တတ်သူဖြစ်သည်။

အမြန်ကားများ၊ မော်တော် ဆိုင်ကယ်များနှင့် စီးပွားရေးလုပ်ငန်းများကို စိတ်ဝင်စားသူ ဖြစ်​ကြောင်းတော်ဝင်မိသားစု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အီဘရာဟင် ၏ဖခင်သည် ၁၉၈၄ နှင့် ၁၉၈၉ ခုနှစ်အကြားတွင်မ​လေးရှားနိုင်ငံ၏အဋ္ဌမမြောက်ဘုရင်ဖြစ်ခဲ့သည်။

၁၆ ရာစုအစောပိုင်းမှစတင်ခဲ့​သော ဂျိုဟို တော်ဝင်မိသားစုတွင်ကိုယ်ပိုင်စစ်တပ်ရှိသည်။

ဆူလတန်များသည် ၎င်းတို့၏ပြည်နယ်များတွင် အစ္စလာမ်ဘာသာကို ထိန်းသိမ်း​စောင့်​ရှောက် ကာကွယ်ပေးသူများဖြစ်ကြသည်။ ၎င်းတို့သည် တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်လည်း ဆောင်ရွက်ကြပြီး ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။

ရာစုနှစ်များစွာကပင်အစ္စလာမ် မင်းမျိုးမင်းနွယ်များ ဦးဆောင်သော မလေးရှားနိုင်ငံ၏ကိုးပြည်နယ်မှ ​စော်ဘွားများက ငါးနှစ်တစ်ကြိမ် အလှည့်ကျ ထီးနန်းဆက်ခံသည့် စည်းမျဥ်းခံဘုရင်စနစ်ဖြစ်သည်။

Source-အယ်လ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here