ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲအောင်မြင်ပြီးသူများ အလုပ်လျှောက်လွှာကို နိုဝင်ဘာလမှ စတင် တင်သွင်းနိုင်

0
205

ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် နိုဝင်ဘာလမှ စတင်ကာ အလုပ်လျှောက်လွှာများ တင်သွင်းနိုင်ပြီဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA– EPS ၏အောက်တိုဘာ(၂၅)ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) အောင်မြင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင် အလုပ်အကိုင်ကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အလုပ်လျှောက်လွှာကို အချိန်မှီ တင်သွင်းနိုင်ရန်နှင့် ကျန်းမာရေး အထူးဂရုပြုကြရန် အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ POEA က ကြိုတင်အသိပေးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို အောက်တိုဘာ (၄) ရက်မှ အောက်တိုဘာ (၂၀) ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦး ရှိသည့်အနက် ၁,၄၉၅ ဦး စာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။

ကိုရီးယားဘာသာ အရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် (၃) နှစ်နှင့် အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အလုပ်သမားဟောင်းများအတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးအထိရှိကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်မှု စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here