ပေါင်မြို့နယ်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ လက်နက်/ခဲယမ်းများ ဖမ်းမိ

0
220

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာရှိ မော်လမြိုင် – ရန်ကုန်သွား ကားလမ်းမကြီးပေါ် ရှိ စည်ပင်ဂိတ်အနီးတွင် အောက်တိုဘာ (၂၈) ရက် နံနက်ပိုင်းက ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးထံမှ လက်နက်/ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၇) နာရီ (၄၅) မိနစ်ခန့်က လုံခြုံရေးအဖွဲ့ဝင်များသည် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာရှိ မော်လမြိုင် – ရန်ကုန်သွားကားလမ်းမကြီးပေါ် ရှိ စည်ပင်ဂိတ်အနီးတွင် မော်လမြိုင်ဘက်မှ သထုံဘက်သို့ ထွန်းနိုင်(၂၁)နှစ် မောင်းလာသည့် ဆိုင်ကယ်အား တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသ ည်။

ထိုသို့ စစ်ဆေးရာ ထွန်းနိုင်၏ ခါးတွင်ထိုးထားသည့် ပစ္စတို‌ေ-သနတ် (၁) လက်၊ ဆိုင်ကယ်ဘောက်စ်အတွင်းမှ ကျည်အိမ် (၂) ခုနှင့် ကျည်ဆံ (၂၉) တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား ပေါင်မြို့မရဲစခန်းမှအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here