လားရှိုးမြို့အနီးတစ်ဝိုက်မှ ဒေသခံ (၂၀၀၀) ကျော် လားရှိုးမြို့မန်ဆူရှမ်းကျောင်းတိုက်သို့ တိုက်ပွဲရှောင်ရောက်ရှိနေ

0
290

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အနီးနား ဒေသအချို့မှ ဒေသခံ (၂၀၀၀) ကျော်သည် လားရှိုးမြို့ပေါ်ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်သို့ တိုက်ပွဲရှောင်ရန်ရောက်ရှိနေကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များမှာ လားရှိုး – မိုင်းယော် လမ်းဘက်ရှိ မန်မွမ်း၊ ကုန်ဆာ၊ မက်ချီနုနှင့် အခြားကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း လားရှိုးမြို့ခံများထံမှ သိရသည်။

“လောလောဆယ် မန်ဆူရှမ်းကျောင်းမှာ တိုက်ပွဲရှောင် နှစ်ထောင်ကျော်နေပြီ။ ရပ်ကွက် (၅) အပေါ်ဘက်မှာ လက်နက်ကြီး ကျတာပဲလား၊ အစကျတာပဲလား မသိဘူး။ အိမ်အသေးပေါ့နော်။ တစ်လုံးတော့ ပျက်စီးသွားတာ ရှိတယ်။”ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံ့အပြားတွင် အောက်တိုဘာ (၂၇)ရက် နံနက် (၄) နာရီခန့်မှ စတင်၍ မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ် (MNDAA)အပါအဝင် တအာင်းတပ် (TNLA)၊ ရခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ခြင်းဖြစ် သည်။

အဆိုပါ ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဧရိယာအတွင်းမှ ဒေသခံ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သား ‌ေ-သဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ မန်ဆူရှမ်းကျောင်း ဆရာတော်ထံ တိုက်ပွဲရှောင် ခိုလှုံလာကြသော တိုက်ပွဲရှောင် ပြည်သူများကို ရပ်နီးရပ်ဝေးမှ စေတနာရှင် အပေါင်းတို့မှ နည်းများ မဆိုပါဝင်လှူဒါန်းနိုင်ပါကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူတို့က ပြောဆိုထားသည်။

ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ လားရှိုးမြို့အနီးတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ပစ်ခတ်သံများကို လားရှိုးမြို့တွင်းမှ ကြားနေရကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှတဆင့် သိရသည်။

ဓာတ်ပုံ – Umbrellas Tgi


LEAVE A REPLY

Please enter your comment!
Please enter your name here