မိုးကောင်း – မြစ်ကြီးနား – မိုးကောင်း ရထားခရီးစဥ်အား နိုဝင်ဘာ (၁) ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး (၇) ရက်အထိ အခမဲ့စီးနင်းခွင့်ပြုသွားမည်

0
331

ကချင်ပြည်နယ်ရှိ မိုးကောင်း – မြစ်ကြီးနား – မိုးကောင်းရထားခရီးစဉ်အား နိုဝင်ဘာ (၁) ရက်မှစတင်ကာပြေးဆွဲပေးသွားမည်ဖြစ်ပြီး စတင်ပြေးဆွဲသည့် ရက်မှ (၇) ရက်အထိ အခမဲ့လိုက်ပါစီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောသည်။

အောက်တိုဘာ (၂၇) ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် မိုးကောင်း – မြစ်ကြီးနား – မိုးကောင်း မီးရထားခရီးစဥ် ပြန်လည်ပြေးဆွဲနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စတင်ပြေးဆွဲမည့် နေ့ရက်အတွက် ဖွင့်ပွဲအခမ်းအနားနှင့်အများပြည်သူ လုံခြုံပျော်ရွှင်စွာ လိုက်ပါစီးနင်းနိုင်ရေး၊ပြန်လည်ပြေးဆွဲမည့်နေ့အပြင် နေ့ရက်အလိုက်ပြေးဆွဲသွားနိုင်ရေးအတွက် ရေရှည်အစီအမံများကို စီမံချက်ရေးဆွဲဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ (၁) ရက်မှ စတင်၍ ရထားပြေးဆွဲရာတွင် လိုက်ပါစီးနင်းသူများအား (၇)ရက်အထိ အခမဲ့လိုက်ပါစီး နင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ မြစ်ကြီးနားဘူဝာာရုံတွင် နံရံများဆေးသုတ်နေမှုအား ကြည့်ရှုစစ်ဆေး၍ ရထားပြန်လည်ပြေးဆွဲခြင်း အခမ်းအနားကျင်းပရန် ပတ်ဝန်းကျင်တစ်ခုလုံးသန့်ရှင်းသပ်ရပ်မှုရှိအောင်ဆောင်ရွက်ရေး၊ RBE စက်ခေါင်းတွဲနှင့်လူစီးနင်းလိုက်ပါနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်တို့အား မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here