Made in Myanmar ကော်ဖီကုန်ချောများ ထုတ်လုပ်ပြီး ပြည်ပစျေးကွက်ဝေစု ပိုယူမည်

0
184

ပြည်ပသို့ ကော်ဖီကုန်ကြမ်းအဖြစ် တင်ပို့ခြင်းသာမက အမြတ်အစွန်း ကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့်ကော်ဖီကုန်ချောများကို Made in Myanmar Brand များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက် ပိုမိုထိုးဖောက်နိုင်မည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

ကမ္ဘာ့နိုင်ငံများက မြန်မာ့ကော်ဖီကို အထူးစိတ်ဝင်စားအထူးစိတ်ဝင်စားကြသည့်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသည့် ကော်ဖီမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီကုန်ကြမ်းအဖြစ် တင်ပို့ခြင်းသာမက အမြတ်အစွန်းကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့်ကော်ဖီကုန်ချောများကို Made in Myanmar Brand များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမိုထိုးဖောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သ ည်။

ပြည်တွင်းတွင် ကော်ဖီစိုက်ပျိုးမှုကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ၊ ချင်းပြည်နယ်တီးတိန်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသများတွင် အဓိက စိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်ဒေသနှင့် ရွာငံဒေသတို့မှ ထွက်ရှိသည့် မြန်မာ့အာရေးဗီးကားကော်ဖီသည် ကမ္ဘာ့အဆင့်မီသည့် Special Coffee အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ်စသည့် နိုင်ငံနှင့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြင်ဦးလွင်ဒေသတွင် ဧကပေါင်း ၈၅၀ ဒသမ ၅၀ အတွက် ကော်ဖီစိုက်ပျိုးတောင်သူ ၁၈ ဦးကို ငွေကျပ်၂၅၅ ဒသမ ၁၅ သန်း ထုတ်ချေးပေးပြီး ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here