လှိုင်သာယာ ရှမ်းချောင်းကျေးရွာတွင် Level 1 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

0
164

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းကျေးရွာ၊အောင်မင်္ဂလာ(၂)လမ်း၌ အောက်တိုဘာ (၂၈) ရက် ည (၇) နာရီ (၁၅) မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိ၍ ည (၇) နာရီ (၂၄) မိနစ်၌ Level 1 အဆင့် သတ်မှတ်ကာ ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ည (၇) နာရီ (၄၀) မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျ က် ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here