ရှီနှင့် ဘိုင်ဒင် လာမည့်လ၌တွေ့ဆုံမည်

0
188

ဝါရှင်တန်၊အောက်တိုဘာ ၂၇

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင် တို့သည် လာမည့်လ၌ ဆန်ဖရန်စစ္စကိုတွင်ပြုလုပ်မည့် အာရှ – ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး ၏ ပြင်ပတွင်တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း အဆိုပါအစီအစဉ်နှင့်နီးစပ်သော အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အ​မေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်အပါအဝင် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်တို့သည် သောကြာနေ့ကတွေ့ဆုံစဉ် နှစ်နိုင်ငံသမ္မတများတွေ့ဆုံဆွေးနွေးရန် မူအရသဘောတူညီခဲ့ကြကြောင်းသိရသည်။

သို့သော်အစည်းအဝေးကျင်းပမည့်နေ့ရက်၊နေရာနှင့် အခြားထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို နှစ်ဖက်စလုံးကမသိရှိရသေးေကြာင်း ပြောကြားကြသည်။

သမ္မတဘိုင်ဒင်ကမူ “အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံလုံးဟာ သူတို့ကြားက ပြိုင်ဆိုင်မှုကို တာဝန်သိသိစီမံခန့်ခွဲပြီး ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ အကြောင်း ကိုအလေးပေးပြောကြားခဲ့ကြပါတယ်။  ကမ္ဘာကြီးရဲ့ စိန်ခေါ်မှု တွေကိုဖြေရှင်းဖို့ အမေရိကနဲ့တရုတ်တို့ ပူးပေါင်းဆောင်ရွက်ရမယ်” ဟုလည်းအလေးပေးပြောကြားခဲ့သည်။

ဘိုင်ဒင်နှင့်ရှီတို့၏ဆွေးနွေးပွဲသည် နှစ်နိုင်ငံဆက်ဆံရေးအတွက်လိုအပ်သော တည်ငြိမ်မှုကို ယူဆောင်လာလိမ့်မည်ဟုလည်း ပညာရှင်တစ်ဦးကလည်းသုံးသပ်ပြောကြားခဲ့သည်။

Source : ရှီကာဂို ထရစ်ဗြွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here