ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ်အား ဆန့်ကျင်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များဖြင့် ဖြိုခွင်းခဲ့ရ

0
355

စနေနေ့ (အောက်တိုဘာ ၂၈ ရက်) ၌ဒါကာမြို့လယ်တွင်ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ထောက်ခံသူ လူအုပ်ကြီးကို ရဲများက မျက်ရည်ယိုဗုံးနှင့် ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ပါတီကြီးနှစ်ခုမှ ထောက်ခံသူ တစ်သိန်းကျော်သည် ၀န်ကြီးချုပ် ရှိတ်ဟာစီနာအား ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြသည်။မကြာမီကျင်းပမည့်ရွေးကောက်ပွဲအတွက်ဘက်မလိုက်သော အစိုးရတစ်ရပ်အောက်တွင် လွတ်လပ်၍ တရားမျှတသော ဆန္ဒမဲပေးရန်တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် ကျောက်ခဲ၊အုတ်ခဲများဖြင့် ပစ်ပေါက်မှုများကြောင့်ရဲများက မျက်ရည်ယိုဗုံးများနှင့် ရော်ဘာသေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး မြို့တော်၏လမ်းများနှင့် လမ်းကြားများတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း AFP သတင်းထောက်များက ပြောကြားခဲ့သည်။

အရာရှိတစ်ဦး ‌ေ-သဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒါကာ မြို့တော်ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ Faruk Hossain က AFP သို့ ပြောကြားရာတွင် “ရဲကင်းကို အတိုက်အခံထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူများက ဖောက်ထွင်းဝင်ရောက်ခဲ့ကြောင်း”ပြောကြားခဲ့သည်။

နိုင်ငံ၏တည်ထောင်ခဲ့သူ ခေါင်းဆောင်၏ သမီးဖြစ်သူ ဟာစီနာ သည် ၁၅ နှစ်ကြာ အာဏာရခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၏စီးပွားရေး တိုးတက်မှု အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံအား တစ်ဦးချင်း GDP နှုန်းတွင်ကျော်တက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ သူမ၏ အစိုးရသည် အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေခြင်းတို့ကို စွပ်စွဲခံနေရသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here