ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)မင်္ဂလာအခမ်းအနားများကျင်းပ

0
281

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)မင်္ဂလာအခမ်းအ နားများအား အောက်တိုဘာ ၂၉ ရက်(ယနေ့)နံ နက် ၅ နာရီခွဲမှစတင်၍ ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်ရှိ ဧည့်ခံတန်ဆောင်း၌ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီးအဖြစ် ဆွမ်း၊သစ်သီး၊ပန်း၊ရေချမ်း၊ဆီမီး၊နံ့သာတိုင်များ ကပ်လှူပူဇော်ခဲ့ကြပြီးနောက် နံနက် ၉ နာရီခွဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန် ဆောင်း၌ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ (အောင်ပွဲ)နှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့သည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩ ဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမ ဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာန,နာယကဆရာတော် ဘဒ္ဒန္တနာဂိတထံ မှအဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အနုမောဒနာတရားနာကြား၍ ဝါတွင်းကာလတစ်လျောက်ပြုခဲ့သောကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့ပြင် သီတင်းကျွန်အဖိတ်နေ့ဖြစ်သည့် အောက် တိုဘာ ၂၈ ရက်ညပိုင်းကလည်း သီတင်းကျွတ် မီးထွန်းပွဲတော်အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ကျင်းပရာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မိသားစုများက စေတီတော်ကြီးအား ဆီမီး(၁၁၁၁၁)ထွန်းညှိပူဇော်ပြီး လျှပ်စစ်မီးစေတီများနှင့်ပန်းစေတီများပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ်လှည့်လည်ပူဇော်ကာ ရာဟု‌ထောင့် အောင်မြေတွင် စုပေါင်းကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here