သာကေတ ၁၀ တောင်ရပ်ကွက်တွင် ၂ ထပ်နေအိမ်တစ်လုံးမီးလောင်

0
195

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ပဒုမ္မာ ၁၄ လမ်းရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် အောက်တိုဘာ ၂၉ ရက်ည ၇ နာရီ ၂၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘေးအိမ်တွေကိုကူးစက်လောင်ကျွမ်းတာမရှိပါဘူး အိမ်အတွင်းပိုင်းထဲမှာပဲလောင်သွားတာ အချိန်မီငြှိမ်းသတ်နိုင်ခဲ့ပါတယ် အိမ်ထဲကအသုံးအဆောင်ပစ္စည်းတွေကတော့ မီးလောင်ပျက်စီးသွားတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား သာကေတမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့တို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၂၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here