ရုရှားကာကွယ်ရေးဝန်ကြီး ဘေဂျင်းမြို့သို့ ရောက်ရှိ

0
292

ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu သည် ယနေ့ တနင်္လာနေ့တွင် ဘေဂျင်းမြို့သို့ အလုပ်သဘောအလည်အပတ်ခရီးအဖြစ် ရောက်ရှိခဲ့ပြီး Xiangshan လုံခြုံရေးဖိုရမ်သို့လည်းတက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ရုရှားစစ်ဘက်ဌာန အကြီးအကဲဟာ Xiangshan လုံခြုံရေးဖိုရမ် စုံညီအစည်းအဝေးမှာ ‘နိုင်ငံကြီးတွေရဲ့ တာဝန်နဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို ဖတ်ကြားတင်သွင်းမှာ ဖြစ်တယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here