ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်များ အတည်ပြုခွင့်ပြုပေး

0
269

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၈၄) ဦးအတွက် အလုပ်‌ပေးနိုင်မည့် ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်လုပ်ငန်းလိုင်စင်များကို အတည်ပြု ခွင့်ပြုပေးခဲ့ကြောင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအနေဖြင့် ဟိုတယ်လုပ်ငန်းလိုင်စင် (၆)ခု၊ ဟိုတယ်တည်ဆောက်ခွင့် (၁)ခု ၊ တည်းခိုရိပ်သာလိုင်စင် (၁)ခု၊ တည်းခိုရိပ်သာတည်ဆောက်ခွင့် (၁) ခု၊ စုစုပေါင်းအခန်း (၄၇၄) ခန်းတို့ကို အတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်းများအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း (၂၃၁၁၁၀) ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြာင်းလည်း သိရသည်။

ထို့ပြင် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ဝင်) (၁၀၂)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ) (၆၅)ခု တို့ကိုလည်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် လိုင်စင်ဆိုင်ရာ ကိစ္စရပ်များအတည်ပြုပေးပြီးနောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် (၁/၂၀၂၃) တွင် ဟိုတယ်လုပ်ငန်းလိုင်စင် (၆) ခု၊ တည်းခိုရိပ်သာတည်ဆောက်ခွင့် (၁)ခု၊ စုစုပေါင်းအခန်း (၂၁၇) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြု မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းကျပ်သိန်း (၁၀၀၆၇၀) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၂၅) ဦးသာ ခွင့်ပြုပေးနိုင်ခဲ့သဖြင့် (၂/၂၀၂၃) ကြိမ်မြောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပိုမိုခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here