အင်းစိန်လမ်းမ ခဝဲခြံမှတ်တိုင်အနီးတွင် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းတွေ့ရှိ

0
323

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် – အင်းစိန်လမ်းမပေါ်ရှိ ခဝဲခြံမှတ်တိုင်အနီးတွင် ယနေ့ အောက်တိုဘာ (၃၀) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းတွေ့ရှိခဲ့ရကြောင်း ရွှေရောင်သမိုင်းလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နံနက် (၆) နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းမှ ကူညီမှုများ ပြုလုပ်ရန်သွားရောက်ခဲ့ရာ ယင်းအမျိုးသားမှာ ‌ေ-သဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

“အမျိုးသားတစ်ယောက်လဲကျနေတယ်လို့ သတင်းရတာနဲ့ ကူညီဖို့သွားတဲ့အချိန် အဲဒီနေရာကိုရောက်တော့ ‌ေ-သဆုံးနေတာကိုတွေ့ရတာပါ။ သက်လတ်ပိုင်းအရွယ်လောက်ပါပဲ ။ဘယ်ကလဲဆိုတာ၊ နာမည်ဘယ်သူဆိုတာမသိဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ‌ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းအား မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေရောင်သမိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here