စည်းကမ်းဖောက်ဖျက်မောင်းနှင်သည့် YBS ယာဉ်လိုင်းများ တွေ့ရှိလျှင် ခရီးသွားများမှ Viber ဖြင့် တိုင်ကြားနိုင်

0
170

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စည်းကမ်းဖောက်ဖျက်မောင်းနှင်သည့် ယာဉ်လိုင်းများ တွေ့ရှိပါက Viber မှ တဆင့်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

YBS ယာဉ်လိုင်းများတွင် တစ်စီးနှင့် တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ မဆင်မခြင် အရှိန်ပြင်း မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်းနှင့် ကားဘေးတံခါးဖွင့် မောင်းနှင်ခြင်းတို့ကဲ့သို့ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုများ တွေ့ရှိပါက မည်သူမဆို Viber ဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။

YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်မှုကို တွေ့ရှိလျှင် ယခင်က ဖုန်းဖြင့်သာ တိုက်ရိုက် ဆက်သွယ်တိုင်ကြားမှုကို အရေးယူခဲ့ခြင်းဖြစ်ပြီး လက်ရှိ Viber ဖြင့် တိုင်ကြားမှုများကို တိုးချဲ့လက်ခံ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသွားများအနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်လိုင်းများကို တိုင်ကြားရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဖုန်းနံပါတ်များဖြစ်သည့် (၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄)သို့ ဓာတ်ပုံ/Video မှတ်တမ်းနှင့်တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာများဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ (၂၅) ရက်အထိ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် အမှုပေါင်း (၁၆၆၉၉)ထိရှိခဲ့ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here