စင်္ကာပူသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုညွှန်ကြားချက်အား အသစ်ပြန်လည်ထုတ်ပြန်ခဲ့

0
305

စင်္ကာပူ၊အောက်တိုဘာ ၂၉

စင်္ကာပူသည် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာအကြံပြု ထောက်ခံချက်အား အသစ်ပြန်လည်ပြင်ဆင်ခဲ့ပြီး အသက်ခြောက်လနှင့်အထက်ရှိသူများအနေဖြင့် ယခုနှစ်တွင်သော်လည်းကောင်း လာမည့် ၂၀၂၄ တွင်သော်လည်းကောင်း ကာကွယ်ဆေးနောက်တစ်ကြိမ်ထပ်ထိုးသင့်သည်ဟုဆိုခဲ့သည်။

ယခင်ကလမ်းညွှန်ထားသည်မှာ အသက် ၆၀ နှင့်အထက်ပုဂ္ဂိုလ်များ၊သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် ရောဂါအခံရှိပြီး ဆေးဘက်ဆိုင်ရာအားနည်းသူများအနေဖြင့် Booster ဆေးကိုတစ်နှစ်အကြာတွင်ထိုးရန်ဖြစ်သည်။

ယခုတစ်ကြိမ်ထုတ်ပြန်ချက်တွင်မူ အသက်ခြောက်လအထက်ကလေးများမှစ၍ လူတိုင်းသည် နောက်ဆုံးအကြိမ်ကာကွယ်ဆေးထိုးပြီး တစ်နှစ် (သို့) ငါးလထက်မစောပဲ ယခုအကြံပြုချက်ထဲကအတိုင်း ဆေးထပ်ထိုးသင့်သည်ဟုဆိုသည်။

Pfizer – BioNTech နှင့် Moderna တို့မှ ပြန်လည်မွမ်းမံထားသော ကိုဗစ်ကာကွယ်ဆေးများကိုအတည်ပြုပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါဆေးဝါးအသစ်များကို အောက်တိုဘာ ၃၀ မှစ၍ ဖြည်းဖြည်းချင်းစတင်ဖြန့်ချိတော့မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကို‌ဗစ်၏ များပြားလှသောမျိုးကွဲများအတွက်ရည်ရွယ်ထုတ်လုပ်ထားသော ယခုကာကွယ်ဆေးအသစ်အား နိုဝင်ဘာ ၂၀ နောက်ဆုံးထား၍ လက်ရှိကာကွယ်ဆေးများနှင့်အစားထိုးသွားမည်ဟုလည်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here