အမေရိက နှင့်တောင်ကိုရီးယားတို့ စစ်လေယာဉ်အစီး ၁၃၀ ဖြင့် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့် မှုပြုလုပ်

0
222

ဆိုးလ်၊အောက်တိုဘာ ၃၀

အမေရိကနှင့်တောင်ကိုရီးယားတို့သည်အောက်တိုဘာ ၃၀ ရက်နေ့၌ ကြီးမားသော ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကိုစတင်ခဲ့ပြီး နှစ်နိုင်ငံလုံးမှစစ်လေယာဉ်ပေါင်း ၁၃၀ ဖြင့်စစ်ဆင်ရေးပြုလုပ်ခဲ့ကြကြောင်းသိရသည်။

Vigilant Defence ဟုအမည်ပေးထားသော နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကနှင့်တောင်ကိုရီးယားတို့မှ F – 35 ကိုယ်ပျောက်တိုက်လေယာဉ်အမျိုးအစားများပါဝင်ကာ သောကြာနေ့အထိလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း တောင်ကိုရီးယားလေတပ်ကပြောကြားခဲ့သည်။

ယခုလေ့ကျင့်မှုတွင် အဓိကလေကြောင်းမစ်ရှင်များဖြစ်သည့် ဝေဟင်မှမြေပြင်တိုက်ရိုက်ပစ်ခတ်မှု၊ကာကွယ်ရေးအတွက် တန်ပြန်ဝေဟင်စစ်ဆင်ရေးနှင့် အခြားသောအရေးပေါ်လေ့ကျင့်မှုများကဲ့သို့သော အဓိကလေကြောင်းမစ်ရှင်များလုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံစစ်တပ်များကြား အပြန်အလှန်လည်ပတ်နိုင်မှုကိုမြှင့်တင်ရန် ရည်ရွယ်သည်ဟုလည်း‌ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မော်စကိုသို့လက်နက်များထောက်ပံ့ပေးကာ မော်စကိုမှနည်းပညာဖြင့် ၎င်း၏စစ်ရေးစွမ်းရည်အားမြှင့်တင်ရန်လုပ်ဆောင်နေသည်ဟုဆိုကာ အမေရိကန်နှင့်၎င်း၏မဟာမိတ်များက မြောက်ကိုရီးယားကိုရှုံ့ချလျက် ယခုစစ်ရေးလေ့ကျင့်မှုအားပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

‌မြောက်ကိုရီးယားဘက်ကလည်း အမေရိကနှင့် တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ဝါရှင်တန်နှင့်ဆိုးလ်တို့၏ ရန်လိုသောမူဝါဒများကိုသက်သေပြရန်နှင့် ကျူးကျော်ရန်စလိုခြင်း၏အစမ်းလေ့ကျင့်မှုသာဖြစ်သည်ဟုဆိုပြီးရှုံ့ချခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here