အစ္စရေးစစ်တပ်က ဂါဇာတွင် မြေပြင်စစ်ဆင်ရေးများ တိုးမြှင့်၊ ဟားမတ်စ်ပစ်မှတ် ၆၀၀ ကို တိုက်ခိုက်ခဲ့

0
250

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)သည် မကြာသေးမီရက်များအတွင်း နယ်မြေအတွင်း ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဂါဇာကမ်းမြှောင်တွင် မြေပြင်စစ်ဆင်ရေးများကို ဆက်လက်တိုးချဲ့လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်သည်။

“ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ IDF ဟာ ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်နက်သိုလှောင်ရုံတွေ၊ တင့်ကားဖျက်ဒုံးကျည် ဒါဇင်နဲ့ချီသိုလှောင်ထားတဲ့ နေရာတွေအပြင် ပုန်းအောင်းနေတဲ့ နေရာတွေအပါအဝင် ဟားမတ်စ်ပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဂါဇာကမ်းမြှောင်မှာ ဟားမတ်စ်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်း IDF တပ်ဖွဲ့တွေက အဆောက်အဦတွေနဲ့ ဥမင်လိုဏ်ခေါင်းတွေမှာ နေရာယူထားတဲ့ ဟားမတ်စ်တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ရှင်းလင်းခဲ့ပါတယ်။အဲဒီညမှာပဲ Al-Azhar တက္ကသိုလ်ဧရိယာက တင့်ကားဒုံးကျည်ပစ်လွှတ်တဲ့စခန်းကို တိုက်လေယာဉ်တစ်စီးက လမ်းညွှန်ခဲ့ပြီး တိုက်ခိုက်ခဲ့ပါတယ်” ဟု ယင်းထုတ်ပြန်ချက်ကဆိုသည်။

ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်အား ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ပါလက်စတိုင်းဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်က ရုတ်တရက် တိုက်ခိုက်ခဲ့ရာ ယင်းဒေသတွင် အခြေချနေထိုင်သူများ ‌ေ-သဆုံးခဲ့ပြီး ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဟားမတ်စ်တို့၏ ဓ-ားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။ ၎င်းတို့၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ဟောင်း ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီတွင် အစ္စရေးအာဏာပိုင်များကပြုလုပ်ခဲ့သည့် ပြင်းထန်သော လုပ်ရပ်အတွက် တုံ့ပြန်မှုဖြစ်ကြောင်း ဟားမတ်စ်တို့က ဆိုသည်။ အစ္စရေးတို့သည် ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာခဲ့ပြီး ဂါဇာအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင်ပါ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here