တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးကဏ္ဍတွင် ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်‌ရေးဇုန်ရပ်တန့်နေ

0
270

အောက်တိုဘာ (၂၇) ရက် နံနက်အစောပိုင်းက စတင်ကာ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ချင်းရွှေဟော်မြို့အပါအဝင် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဒေသအချို့တွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

“အခုတော့ လုံးဝရပ်ဆိုင်းထားတယ်။ ဘယ်တော့ပြန်ဖွင့်မလဲ ဆိုတာ မပြောနိုင်သေးဘူး။ ဇုန်လည်းပိတ်ထားတယ်” ဟုမူဆယ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ တစ်ရက်လျှင် ယာဉ်အစီးရေ ၂၀၀ ကျော်အဝင်အထွက်လုပ်၍ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်မှု ကဏ္ဍကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကို မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များကဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည့်အတွက် မူဆယ်ကုန်သွယ်ရေးဇုန်သို့သွားမည့်ကုန်ကားများလမ်းတွင် ပိတ်မိလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေခြင်းကြောင့် တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကဏ္ဍကို ထိခိုက်‌နိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

လက်ရှိတွင် တရုတ် – မြန်မာ နယ်စပ် ချင်းရွှေဟော်မြို့အပါအဝင် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမ တလျှောက်ရှိ ဒေသအများစုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက် ရှိနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

နယ်စပ်ပုံ (ယခင်က)


LEAVE A REPLY

Please enter your comment!
Please enter your name here