အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တရုတ်နိုင်ငံခရီးစဥ်သွားရောက်

0
182

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အခြား အာဆီယံကိုယ် စားလှယ်များ၊အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Hou Yanqi တို့နှင့်အတူ တရုတ်နိုင်ငံခရီးစဥ်သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံ ရှန့်မန်မြို့၊ပေကျင်းမြို့နှင့်တီရန်ကျင်းမြို့များသို့ အောက်တိုဘာ ၂၂ ရက်မှ ၂၆ ရက်အထိ သွားရောက်ခဲ့ခြင်းဖြစ်ကာ ခရီးစဉ်အတွင်း၌ အောက်တိုဘာ ၂၂ ရက်တွင် ရှန့်မန်မြို့ Standing Committee of the Provincial Committee(CPC)အဖွဲ့ဝင်နှင့် Xiamen Municipal CPC Committee အတွင်းရေးမှူး Mr. Cui Yonghui နှင့်တွေ့ဆုံခဲ့ကြသည်။

ရှန့်မန်မြို့သည် တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ရှန့်မန်မြို့တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်၊အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ဆွေးနွေးဖက်မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။ 

အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များသည် အောက်တိုဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi  ၊ တရုတ်အဆင့်မြင့်အရာရှိကြီး H.E. Nong Rong တို့နှင့်  သီးခြားစီတွေဆုံခဲ့ပြီး အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေးတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်နှင့်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

China International Development Cooperation Agency (CIDCA) ၏ Vice Chairman H.E. Deng Boqing နှင့်တွေ့ဆုံကာ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှု၌ နည်းပညာနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပူးတွဲဆောင်ရွက်သွားရေးနှင့်အာဆီယံနှင့်တရုတ်နိုင်ငံကြား လက်မှတ်ရေးထိုးထားသည့် Agreement on Technical Cooperation between ASEAN and China (TCA) အောက်တွင် လုပ်ငန်းစဉ်များ အလျင်အမြန်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်  ဆွေးနွေးခဲ့ကြသည်။ 

ASEAN-China Centre (ACC) ၏ Secretary- General H.E. Shi Zhongjun နှင့်တွေ့ဆုံရာတွင်လည်း ACC ၏ အခန်းကဏ္ဍအား အာဆီယံ-တရုတ် မိတ်ဆက်ဆက်ဆံရေးအောက်တွင် မြှင့်တင်ဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here