ချင်းရွှေဟော်ဒေသနှင့်နေရာအချို့တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချဟု USDP ပါတီထုတ်ပြန်

0
209

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ချင်းရွှေဟော်ဒေသနှင့်နေရာအချို့တွင် အောက်တိုဘာ ၂၇ ရက်ကဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ချင်းရွှေဟော်ဒေသနှင့်နေရာအချို့အား အကြမ်းဖက်ဝင်ရောက်၍ တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ကာ အပြစ်မဲ့ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊အရပ်ဖက်နေရာ/လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို USDP ပါတီအနေဖြင့် လုံးဝ(လုံးဝ)လက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ပြည်သူလူထုအသက်အိုးအိမ်ပျက်စီးပြီး ပြည်တွင်းတည်ငြိမ်မှုပျက်ပြားအောင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကိုမျက်ကွယ်ပြု၍ နိုင်ငံတော်နှင့်နိုင်သားများအကျိုးစီးပွားပျက်ပြားအောင်ဆောင်ရွက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သည်ဟုလည်း USDP ပါတီ၏ထုတ်ပြန်ချက်၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here