ဒေးဗစ်ကောပါးဖီးက လမင်းကြီးကို ဖျောက်ပြမည်ဟုဆို

0
487

ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကောပါးဖီးက လမင်းကြီးကို လူအများရှေ့မှောက်တွင် ဖျောက်ပြသည့် ပြကွက်အသစ်ကို မကြာမီ ပြသသွားမည်ဖြစ်ကြောင်း သူ၏ facebook စာမျက်နှာတွင် ကြေညာထားသည်။

“၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ ကျွန်တော့်ရဲ့ လုပ်သက် နှစ် ၃၀ ကြာခဲ့ပြီးတဲ့နောက် အကြီးမားဆုံးပြကွက်ဆန်းကို ပြသသွားမှာဖြစ်ပါတယ်”ဟု ကောပါးဖီးက ရေးသားထားသည်။

ဒေးဗစ်ကောပါးဖီးသည် နယူးယောက်ရှိ လေဘာတီရုပ်တုကြီးကို လူအများမျက်မှောက်တွင် ဖျောက်ပြသည့် ပြကွက်ကို ၁၉၈၃ ခုနှစ် ဧပြီလ ၈ ရက်နေ့က ပြသခဲ့သေးသည်။

ယခု လမင်းကြီးကို ဖျောက်ပြမည့် ပြကွက်ကိုလည်း ကမ္ဘာတစ်ဝန်းမှ အထူးစိတ်ဝင်စားလျှက်ရှိကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here