တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် လူမှုဖူလုံရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိ

0
279

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် လူမှုဖူလုံရေးဝန်ကြီး မစ္စတာ ဝမ်ရှောက်ဟွန်(Wang Xiaohong)သည် နေပြည်တော်သို့ ယနေ့တွင် ရောက်ရှိလာကြောင်း သိရသည်။

မစ္စတာဝမ်ရှောက်ဟွန်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ လူမှုဖူလုံရေးဝန်ကြီးဌာနတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတ္တမအကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်လာခြင်းဖြစ်သည်။

အသက် ၆၆ နှစ် ရှိပြီဖြစ်သော မစ္စတာ ဝမ်ရှောက်ဟွန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအတွင်းဝန်ရုံး၏ ပထမအတွင်းဝန်အဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံတော်ကောင်စီဝင်နှင့် လူမှုဖူလုံရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here