လွိုင်ကော်မြို့ နောင်ယားကန်ပေါင်းကူးတံတားအောက်တွင် ရေနစ်‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလေ-ာင်းတွေ့ရှိ

0
392

ကယားပြည်နယ်၊လွိုင်ကော်မြို့၊စျေးပိုင်းရပ်ကွက်ရှိ နောင်ယားကန်ပေါင်းကူးတံတားအောက်တွင် အောက်တိုဘာ ၃၁ ရက်(ယနေ့)နံနက်ပိုင်းက ရေနစ်‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလေ-ာင်းတွေ့ရှိခဲ့ရကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က နောင်ယားကန်ပေါင်းကူးတံတားအောက်တွင် ရေနစ်‌ေ-သဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလေ-ာင်းတွေ့ရှိခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ရွှေလွိုင်ကော်ပရဟိတအသင်းဝင်များက သွားရောက်ဆယ်ယူခဲ့ကြသည်။

“ရေနစ်‌ေ-သဆုံးနေတဲ့အမျိုးသားက စျေးပိုင်းရပ်ကွက်မှာနေတဲ့ ဦးတေဇနေထူး(ခ)ထူးထူး(၃၀)နှစ်ပါ ပြင်ပဒဏ်ရာမရှိပါဘူး De@d Body ကရေထဲကနေပေါ်နေတာပါ သီတင်းကျွတ်လပြည့်နေ့ထဲကအိမ်ကနေပျောက်သွားတာလို့ သိရပါတယ် စိတ်ကျန်းမာရေးသိပ်မကောင်းဘူးလို့လဲ သိရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ နောင်ယားကန်ပေါင်းကူးတံတားအောက်မှဆယ်ယူခဲ့ရသည့် ရုပ်အလေ-ာင်းအား ရွှေလွိုင်ကော်ပရဟိတအသင်းမှ လွိုင်ကော်ပြည်သူ့ဆေးရုံရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေလွိုင်ကော်ပရဟိတ


LEAVE A REPLY

Please enter your comment!
Please enter your name here