သီတင်းကျွတ် ပိတ်ရက်ကာလတွင် ပုဂံသို့ ခရီးသည်တစ်သိန်းနီးပါးဝင်ရောက်ခဲ့ဟုဆို

0
167

ပြီးခဲ့သည့် သီတင်းကျွတ်ပိတ်ရက် ကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် တစ်သိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် သီတင်းကျွတ် ပိတ်ရက်မတိုင်ခင်အချိန်မှစ၍ အခန်းများအားလုံးပြည့်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုဂံဒေသသို့ နေ့စဉ်ဘုရားဖူး ဝင်ရောက်မှုမှာ ၁၅၀၀ ဦးခန့်ရှိနေပြီး ရုံးပိတ်ရက် ရက်ရှည်ဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် ဘုရားဖူး အရေအတွက်မှာ ယင်းထက်ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ယခုနှစ်ခရီးသွားရာသီ၌ ပုဂံဒေသတွင် ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်လည်ပတ်ရန် ခရီးစဉ်ဒေသ (၇) ခုကိုလည်း ထပ်မံဖော်ဆောင်ပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်တွင် တစ်ရက်လျှင်ဘုရားဖူး ငါးသောင်းကျော်မှ တစ်သိန်းခွဲကျော်အထိ လာရောက်လည်ပတ်ခဲ့ကြောင်း ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here