တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်၍ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုဖြစ်ပွား

0
188

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အောက်တိုဘာ (၃၀) ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များအတွင်းနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့် ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင် ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ညပိုင်းက ရေတွေတက်လာတယ်။ အရမ်းအများကြီးတော့မဟုတ်ပါဘူး။ ရေဝင်တာအများဆုံးနေရာဆိုရင် ဒူးလောက်အထိတော့ရောက်တယ်။ တစ်ညလုံးရေပြန်မကျခဲ့ဘူး။ ဒီမနက် (၉) နာရီလောက်ရောက်တော့ ရေပြန်ကျသွားပြီ”ဟု ဒေသခံ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ရေများပြန်လည်ကျဆင်းသွားပြီးနောက် တင်ကျန်ရစ်သည့် နုန်းများ၊ အမှိုက်များအား လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here