ရုရှားခရီးသွားများအတွက် Welcome Russia Program in Myanmar အစီအစဉ်ကို ဆောင်ရွက်နေ

0
303

ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လ ည်ပတ်စေရေးအတွက် Welcome Russia Program in Myanmar အစီအစဉ်ကို ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့သည်။

မြန်မာ – ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံအပြန်အလှန်နား
လည်မှု၊ ချစ်ကြည်ရင်းနှီးမှုများနှင့် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ခရီးသွား လုပ်ငန်းသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေကြောင်း ၎င်းကပြောကြားခဲ့သည်။

မြန်မာ – ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြ င့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည့် ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော ရုရှားခရီးသွားကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ဆွဲဆောင်မှု ရှိသော ခရီးစဉ်ဒေသများဖြစ်သည့် မန္တလေး၊ ပုဂံ၊ ရန်ကုန်၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်၊အင်းလေးစသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။

” ဒီအစီအစဉ်မှာ လိုက်ပါခဲ့ကြတဲ့ ကိုယ်စားလှယ်များအနေနဲ့ မြန်မာနိုင်ငံရဲ့ သဘာဝ အလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့ရတဲ့အတွက် သဘောကျ နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရုရှားနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာလည်း မြန်မာနိုင်ငံရဲ့ အလွန်လှပတဲ့ ရှုခင်းများ၊ ရှေးဟောင်းအဆောက်အအုံများ၊ ဒေသခံများရဲ့ နေထိုင်မှု ဘဝပုံစံများနဲ့ထူးခြားတဲ့ ယဉ်ကျေးမှုတွေကို ခံစားကြည့်ရှုခွင့် မရသေးသူများ သိရှိခံစားလိုစိတ် ဖြစ်ပေါ်လာအောင် သတင်းစကားများ၊ ဓါတ်ပုံများနဲ့ လူမှုကွန်ရက် မီဒီယာများမှတဆင့် ဖြန့်ဝေပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရင်းနှီးမှု (၇၅)နှစ်ပြ ည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာ ရုရှား အော်သိုဒေါ့ခရစ်ယာန် ဘုရားကျောင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် လေ့လာလည်ပတ်ခဲ့ကြသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်အသီးသီးနှင့် ရန်ကုန်မြို့သို့ ရုရှားနိုင်ငံသားများကို ဆွဲဆောင်နိုင်မည့် အပြုသဘောဆောင်သည့် အကြံပြုချက်များကို ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ရုရှားနိုင်ငံသားများအတွက် ဆွဲဆောင်မှုရှိသောမြို့ဖြစ်အောင် လိုအပ်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ လိုင်စင်ရ ပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ် (၄၃) ဦးနှင့် မြန်မာနိုင်ငံမှ ဟိုတ ယ်နှင့် ခရီးသွားကုမ္ပဏီ (၆၀) ကျော်မှ လုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here