မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံသည်အပြန်အလှန် ယုံကြည်စိတ်ချရသည့် နိုင်ငံများဖြစ်

0
220

နစက ဥက္ကဋ္ဌမှ တရုတ်နိုင်ငံ၊ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲ့ဝင်၊နိုင်ငံတော်ကောင်စီဝင်နှင့်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောက်ဟွန် အား အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ဖြစ်ကာ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံမှုများတိုးတက်ကောင်းမွန်လျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် MNDAA အဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ လုံခြုံရေးစခန်းများအား တိုက်ခိုက်မှုများဆောင်ရွက်လာမှု၊ လောက်ကိုင်ဒေသတွင် ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းလောင်းကစားများ၊ဆက်သွယ်ရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုများဆောင်ရွက်နေမှုတို့ကို နှစ်နိုင်ငံပူးပေါင်း၍ ဖော်ထုတ်အရေးယူဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေးများ၌ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှဝင်ရောက် စွက်ဖက်၍ ၎င်းတို့နိုင်ငံ၏ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံများအပေါ် Double Standard ဖြင့် ချယ်လှယ်ဆောင်ရွက်နေမှုအား ဆွေးနွေးခဲ့ကြဟုသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်ကပင် တိုင်းရင်းသားအဖွဲ့များအချင်းချင်းအားပြိုင်မှုများဖြစ်ပေါ်ကာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့မှု၊အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ကိုးကန့်ဒေသအတွင်း “ဖုန်”/ “ရန်”အဖွဲ့တို့ အရေးအခင်းဖြစ်ပွားခဲ့မှု၊ “ပယ်”အဖွဲ့အားတာဝန်ပေးအပ်ခဲ့မှု၊အာဏာရလိုမှု၊လက်နက်ခဲယမ်းများထုတ်လုပ်နေမှု၊လက်နက်ခဲယမ်းများဝင်ရောက်မှုများကြောင့် ဒေသတွင်းနှင့်နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထိခိုက်ပျက်စီးစေလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နယ်စပ်ဒေသတွင် တရားမဝင်အွန်လိုင်း လောင်းကစားမှုများနှင့်ဆက်သွယ်ရေးလိမ်လည်မှုများဖြစ်ပေါ်လျက်ရှိမှုကို ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရင်းအမြစ်ကစ၍ နှိမ်နင်းဖော်ထုတ်ဆောင်ရွက်ရေး၊ အဆိုပါ ဒေသအတွင်းရှိ ဥပဒေနှင့်ညီညွတ်မှုမရှိသည့်လုပ်ငန်းများကို စိစစ်ဖော်ထုတ်သွားရေး၊ နှစ်နိုင်ငံပူးတွဲတရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here