ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းတစ်ခုအတွင်း ပုတ်ပွနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလေ-ာင်းတွေ့ရှိ

0
221

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊မင်္ဂလာရန်ကင်းအဌားအိမ်ယာအနီးရှိ ရေမြောင်းတစ်ခုအတွင်း၌ ပုတ်ပွနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလော-င်းအား အောက်တိုဘာ ၃၁ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ သိရသည်။

“ရေစီးနဲ့အတူမျောလာတာပါ ပုတ်ပွနေပြီ အနံ့အသက်ကလည်းအတော်ဆိုးဆိုးထွက်နေတာ အသက်ခန့်မှန်းဖို့တောင်မလွယ်ဘူး တာဝန်ရှိတဲ့လူတွေလာပြီးစစ်ဆေးသွားကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေမြောင်းအတွင်း တွေ့ရှိခဲ့ရသည့်ရုပ်အလော-င်းအား ရွှေကြေးစည်လူမှုကူညီရေးအသင်းမှဆယ်ယူ၍ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေကြေးစည်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here