ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာနှင့် ရန်ကုန်ယူနိုက်တက်အသင်း နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

0
313

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းသည် ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာ နှင့် အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဗလင်စီယာသည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တွင် ပြောင်းရွေ့ရောက်ရှိလာခဲ့သူပြီး မြန်မာနေရှင်နယ်လိဂ် သွင်းဂိုး ၆ ဂိုးနှင့် AFC Cup သွင်းဂိုး ၁ ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှုူးတစ်ဦးလည်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် ကြိုးစားအားထုတ်ပေးခဲ့မှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်တွင် လည်းအောင်မြင်မှုများ ရရှိစေရန် ရန်ကုန်ယူနိုက်တက်ဘက်ကဆုတောင်းထားပေးသည်။

ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာသည် ရန်ကုန်ယူနိုက်တက်တွင် ကစားနေစဥ်ကာလအတွင်း မျှော်လင့်ထားသည့် ခြေစွမ်းမျိုး ရှိမနေခဲ့ဘဲ မြန်မာကစားသမားအချို့သည့် သူ့ထက်ပင် သာလွန် ကောင်းမွန်ကြောင်း ပရိသတ်များက ဝေဖန်ထားကြောင်းသိရသည်။


Photo – YUFC


LEAVE A REPLY

Please enter your comment!
Please enter your name here